Search This Blog

Friday, September 25, 2015

Adafruit CC3000 WiFi for Arduino

WiFi သုံးပြီး microcontroller နဲ့ ဆက်သွယ်တဲ့ ဟာကို Arduino Uno နဲ့ Adafruit CC3000 WiFi Shield ကိုသုံးပြီး စမ်းကြည့်ထားတာပါ။ သူက Arduino ရဲ့ standard WiFi shield မဟုတ်တဲ့ အတွက် WiFi.h library ကို သုံးလို့မရပါဘူး။ ဒါ့ကြောင့် Adafruit CC3000 library ကို ဒေါင်းလုပ်လုပ်၊ un-zip လုပ်ပြီး C:\Program Files (x86)\Arduino\libraries folder ထဲမှာ ထည့်ဖို့လိုပါတယ်။


Figure. Adafruit CC3000 WiFi shield stacked with Arduino Uno.


Sunday, September 20, 2015

Our Kids 1 : Communication with children

တစ်လောက NTU ရဲ့ Campus Recreation and Wellness (CReW) ကလုပ်ပေးတဲ့ Communication with Children ဆိုတဲ့ talk လေးကို သွားနားထောင်ဖြစ်တယ်။ ပြောတဲ့သူက Employee Wellbeing Centre က Staff Counsellor တစ်ယောက်ဖြစ်တဲ့ Ms. Janet Phang ပါ။ နေရာက Campus Clubhouse ရဲ့ Orchid Room မှာပါ။ စင်ကာပူ ဒေါ်လာ ၅ ဒေါ်လာပေးရပါတယ်။ သူတို့ စီစဉ်ထားတဲ့ Fusion spoon က အစားအသောက် Potato Salad, Teriyaki Chicken, Sweet & Sour Fish,Braised Tofu with Mushroom, Curry mixed vegetable, Fried Bee Hoon, Chocolate Éclair, Coffee, Tea, Fruit Punch တွေနဲ့ တင်ကို တော်တော်တန်နေပါပြီ။ ပြီးတော့ free gift ပေးတဲ့ အပူအအေးခံတဲ့ mug ခွက်လေးကလည်း တော်တော်ကောင်းပါတယ်။ အဲ.. ပြောသွားတဲ့ အကြောင်းအရာတွေလဲ တော်တော် သဘောကျပါတယ်။


Figure. Communication with children.


Saturday, September 19, 2015

Controlling Your Hardware from the Web Using Arduino

Arduino Ethernet shield 2 ကိုသုံးပြီး အင်တာနက်ကနေ သင့်ရဲ့ hardware တွေကို လှမ်းပြီး ထိန်းတဲ့အကြောင်း ဆွေးနွေးချင်ပါတယ်။ Arduino Ethernet 2 Library ကိုသုံးပြီး server အနေနဲ့ နမူနာတခု၊ client အနေနဲ့ တမျိုး စမ်းကြည့်ပါမယ်။ နောက်ဆုံး version Arduino IDE ကို သုံးဖို့လိုပါတယ်။ ဒီနမူနာမှာတော့ Arduino IDE 1.7.6 ကိုသုံးထားပါတယ်။ Arduino Uno ကို Ethernet shield 2 တပ်ထားတဲ့ပုံကို အောက်မှာ ပြထားပါတယ်။


Figure. Arduino Uno paired with Arduino Ethernet shield 2.


Wednesday, September 16, 2015

Testing Dual-Core Microcontroller - LPC54102

LPC54102J512 MCU မှာ Cortex M4 Master တစ်ခုနဲ့ Cortex M0+ Slave ဆိုပြီး core နှစ်ခုပါပါတယ်။ LPCXpresso IDE v7.9.0 ကိုသုံးပြီး multicore systems တစ်ခုကို ဖန်တီးတာ၊ debug လုပ်တာတွေကို နမူနာ တစ်ခုရေးပြီး စမ်းကြည့်တဲ့ အတွေ့အကြုံကို ပြောချင်ပါတယ်။ LPCOpen ကို ဒေါင်းလုပ်လုပ်ထားပြီး Quickstart -> Import project(s) ကို နှိပ်ပြီး import လုပ် ထားဖို့လိုပါတယ်။


Thursday, September 10, 2015

Accelerometer LIS3DSH

LIS3DSH က STMicroelectronics ထုတ်တဲ့ 3-axis MEMS accelerometer တခု ဖြစ်ပါတယ်။ Full scale ကို ±2g ကနေ ±16g ထိ အမျိုးမျိုးရွေးလို့ ရပါတယ်။ အရွယ်အစားက လည်း 3mm x 3mm ပဲမို့ သေးသေးလေးပါ။ Digital output ကို SPI ဒါမှမဟုတ် I2C ကြိုက်တာသုံးလို့ရပါတယ်။ Supply voltage က 1.71 V ကနေ 3.6 V ထိပေးလို့ ရပါတယ်။ STEVAL-MKI134V1 adapter board လေး တခုဝယ်ပြီး စမ်းကြည့်ထားတဲ့ အတွေ့အကြုံ လေးအကြောင်း ပြောချင်ပါတယ်။


Figure. STEVAL-MKI134V1 - LIS3DSH adapter board for standard DIL24 socket.

Tuesday, September 8, 2015

A Holistic Approach to Vocal Freedom

NTU ရဲ့ Campus Recreation and Wellness (CReW) ကစီစဉ်တဲ့ A Holistic Approach to Vocal Freedom ဆိုတဲ့ သီချင်း အဆို သင်တန်း သွားတက်ကြည့်ဖြစ်တယ်။ သင်တဲ့သူက NIE က Visual and Performing Arts က lecturer တယောက်ဖြစ်တဲ့ Dr. Chia Wei Khuan ပါ။ ငယ်ငယ်ကတည်းက သီချင်းတွေ အိမ်နေရင်း အမြဲဆိုခဲ့ပေမယ့် အဲဒီအကြောင်းကို မလေ့လာဘူးတာ တပိုင်း၊ စိတ်ဝင်စားတာတပိုင်း ကြောင့် ကြုံကြိုက်တုန်း သွားတက်ဖြစ်ခဲ့တာပါ။ ခြောက်ပတ်စာ သင်တာတွေက

  • The McClosky Technique: Relaxation, Posture, Breathing and Breathy Sigh
  • Freeing the Tongue, Jaw, Facial Muscles and Neck
  • Phonation: On-set and Off-set, Flow vs Pressed
  • Resonance and Articulation
  • The Singer's Breath: Appoggio
  • Maintaining Vocal Freedom
ဆိုတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။


Figure. ကြာတော့ ကြာပြီ အိမ်မှာ ကာရာအိုကေ ဆိုလို့ ရအောင်ဆိုပြီး မိုက်ခရိုဖုန်း လိုက်ရှာရင်း ကြိုးမဲ့မဟုတ်တာလည်း ဖြစ်တဲ့ Shure SM58 လေး သဘောကျတာနဲ့ ဝယ်ဖို့လုပ်တော့ ဘယ်မှာ ဝယ်ရမှန်း မသိဘူး။ အွန်လိုင်း မှလည်း Amazon မှာတော့ တွေ့ပေမယ့် စင်ကာပူ လိပ်စာနဲ့ ဝယ်မရဖြစ်နေတာ။ နောက်မှ သီရိကို အမှတ်မထင် ပြောပြဖြစ်တော့ သူက SingPost ကနေတဆင့် ပို့တဲ့ ဟာလုပ်ပြီး ရအောင် ရှာဝယ်ပေးတာနဲ့ အဆင်ပြေသွားတယ်။