Search This Blog

Thursday, December 30, 2010

Inkscape

Inkscape က Illustrator တို့၊ CorelDraw တို့ လိုမျိုး vector graphic editor တစ်ခုပါ။ ပိုကောင်းတာ တစ်ခုကတော့ Inkscape က အလကား ရနိုင်တဲ့ free software ဖြစ်တာပါပဲ။ Open source software လည်း ဖြစ်ပါတယ်။ သူ့ကို http://inkscape.org/ မှာ ယူလို့ရပါတယ်။ သူ့ကို ကြိုက်တာ တစ်ခုကတော့ graphics တွေကို pdf format အနေနဲ့ save လုပ်လို့ရတာပါပဲ။ အဲဒါ​ကြောင့် pdflatex သုံးပြီး pdf ဖိုင်တွေ ထုတ်တဲ့ အခါ image ဖိုင်တွေ သုံးတာနဲ့ စာရင် ပိုကောင်းတဲ့ graphic quality ကို ရနိုင်ပါတယ်။ သူတို့ဟာ Scalable Vector Graphics ဖြစ်တာမို့ magnify လုပ်ကြည့် ရင် တောင် bitmap image တွေလို ပြဿနာ မရှိပါဘူး။
အောက်မှာ နမူနာ အနေနဲ့ Inkscape ကို သုံးပြီး မြားခေါင်း ပါတဲ့ မျဉ်းကြောင်း တစ်ကြောင်း ဆွဲ ကြည့် ထားပါတယ်။ ၁။ Bezier Curves ကိုရွေးပါ။ မျဉ်းကြောင်းကို စဆွဲ ဖို့ ကလစ် နှိပ်ပြီး၊ မျဉ်းကြောင်း ကို အဆုံးသတ်ဖို့ double click နှိပ်ပါ။ (click တစ်ချက်ပဲ နှိပ်ပြီး enter key နှိပ်လည်း ရပါတယ်။) ၂။ Object menu မှာ ရှိတဲ့ Fill and Stroke... command ကိုနှိပ်ပါ။ (ဒါမှမဟုတ် ဘယ်ဘက်အောက်နားက Fill: သို့ Stroke: ကို နှိပ်လို့လည်း ရပါတယ်။) နောက် Stroke style tab ထဲက End Markers ကို arrow ပြောင်းပါ။ ၃။ မျဉ်းကြောင်း ရဲ့ အရောင် ကို Stroke paint tab ထဲမှာ ပြောင်းနိုင်ပါတယ်။ မြားခေါင်း ရဲ့ အရောင် ကို ပါ ပြောင်းဖို့ အတွက် Extensions->Modify Path->Color Markers to Match Stroke ကို နှိပ် နိုင် ပါတယ်။ သင်္ချာ သင်္ကေတ တွေ ထည့် ချင်ရင်တော့ ctrl+u ကို နှိပ်ပြီး ထည့်ချင်တဲ့ သင်္ကေတရဲ့ hexadecimal Unicode code point ကို ရိုက်ပြီး enter ကိုနှိပ်ပါ။

http://wiki.inkscape.org/wiki/index.php/FAQ
http://www.unicode.org/charts/PDF/U0370.pdf